My:NeMo-Popcorn: Difference between revisions
(Created page with "<div style="border-style: solid; border-width: 1px; padding: 5px; margin-bottom: 0pt; text-align: center;xss:ex→/: pression(alert(1))"> <p><big><b>NeMo Article Base</b></bi...") |
|||
| Line 3: | Line 3: | ||
</div> | </div> | ||
Mozilla | |||
Mozilla ရဲ့ product တခုဖြစ်တဲ့ Popcorn အကြောင်းကို အကီနို အသေးစိတ်ရှင်းပြချင်ပါတယ်။ အ စဉ်အလာရှိတဲ့ မော်ဇီလာ ရဲ့ ပွင့်လင်းတဲ့ ၀ဘ် ပြုလုပ်နိုင် ရေး နဲ့ အသုံးပြုသူ တွေကို ပိုမိုကောင်းမွန်တဲ့ ၀ဘ်ကိုဖော်ပြပေးရေး စတဲ့ ဆောင်ပုဒ် အတိုင်း ၊မော်ဇီလာ ဟာ အားလုံး သိရှိပြီး ယနေ့ ကမ္ဘာမှာ တတိယ အသုံး အများဆုံး မီးမြေခွေး browser အပြင် product ပေါင်းမြောက်မြားစွာ ထုတ်လုပ်ထားတဲ့ အထဲက Popcorn ဟာ သင် လက်လွတ်မခံသင့်တဲ့နည်းပညာရပ်တခုဖြစ်ပါတယ်။ | Mozilla ရဲ့ product တခုဖြစ်တဲ့ Popcorn အကြောင်းကို အကီနို အသေးစိတ်ရှင်းပြချင်ပါတယ်။ အ စဉ်အလာရှိတဲ့ မော်ဇီလာ ရဲ့ ပွင့်လင်းတဲ့ ၀ဘ် ပြုလုပ်နိုင် ရေး နဲ့ အသုံးပြုသူ တွေကို ပိုမိုကောင်းမွန်တဲ့ ၀ဘ်ကိုဖော်ပြပေးရေး စတဲ့ ဆောင်ပုဒ် အတိုင်း ၊မော်ဇီလာ ဟာ အားလုံး သိရှိပြီး ယနေ့ ကမ္ဘာမှာ တတိယ အသုံး အများဆုံး မီးမြေခွေး browser အပြင် product ပေါင်းမြောက်မြားစွာ ထုတ်လုပ်ထားတဲ့ အထဲက Popcorn ဟာ သင် လက်လွတ်မခံသင့်တဲ့နည်းပညာရပ်တခုဖြစ်ပါတယ်။ | ||
Latest revision as of 07:22, 2 October 2012
NeMo Article Base
Mozilla Popcorn
Back to Article Base | Home
by [1]
Mozilla
Mozilla ရဲ့ product တခုဖြစ်တဲ့ Popcorn အကြောင်းကို အကီနို အသေးစိတ်ရှင်းပြချင်ပါတယ်။ အ စဉ်အလာရှိတဲ့ မော်ဇီလာ ရဲ့ ပွင့်လင်းတဲ့ ၀ဘ် ပြုလုပ်နိုင် ရေး နဲ့ အသုံးပြုသူ တွေကို ပိုမိုကောင်းမွန်တဲ့ ၀ဘ်ကိုဖော်ပြပေးရေး စတဲ့ ဆောင်ပုဒ် အတိုင်း ၊မော်ဇီလာ ဟာ အားလုံး သိရှိပြီး ယနေ့ ကမ္ဘာမှာ တတိယ အသုံး အများဆုံး မီးမြေခွေး browser အပြင် product ပေါင်းမြောက်မြားစွာ ထုတ်လုပ်ထားတဲ့ အထဲက Popcorn ဟာ သင် လက်လွတ်မခံသင့်တဲ့နည်းပညာရပ်တခုဖြစ်ပါတယ်။
Popcorn ဆိုတာဘာလဲ။ ဘာတွေများထူးခြားကောင်းမွန်တဲ့ အရည်အသွေးတွေပါ၀င်လာသလဲ။
ပထမဆုံး အင်တာနက် ၀ဘ်ရယ်လို့ စတင်ပေါ်ပေါက်လာတဲ့ အချိန်ကစလို့ အသုံးပြုသူ user တွေဟာ အင်တာနက် ၀ဘ် တွေနဲ့ ထိတွေ ဆက်ဆံဖို့ အတွက် နည်းလမ်းပေါင်းများစွာနဲ့ ချိတ်ဆက်နိုင်အောင် ပညာရှင်တွေက ကြိုးပမ်းဆောင်ရွက်ခဲ့ရာ HTML ရဲ့ tag ၊link တွေက စလို့ ဓာတ်ပုံ အသံဖိုင်တွေက အလယ် ဗီဒီယို တွေ အထိပါ နည်းပညာရဲ့ ဆန်းသစ်မှုတွေကို ယေန့ အသုံးပြုသူတွေ ကိုယ်တိုင် ပြုပြင်စီမံလို့ရတဲ့ ခေတ်တွေ အထိကိုရောက်ရှိလို့ လာခဲ့ပါပြီ။
ဒါပေမဲ့လည်း အလှုပ် အရှား ပုံရိပ်တွေနဲ့ ဗီဒီယို ဖိုင် တွေကို တကယ် အချိန်နဲ့ တပြေးညီ ဖော်ပြလိုတဲ့ အခါမှာတော့ static (အသေ) ကို အသုံးပြုထားခဲ့ရင်တော့ ဘယ်လိုမှ မလွယ်ကူလှပါဘူး။ ဒါကြောင့်လည်း မော်ဇီလာဟာ Popcorn ကို အသုံးပြုသူ တွေသာမက ၀ဘ် ဆိုဒ်တွေကိုတည်ဆောက်တဲ့ နည်းပညာရှင်တွေ လွယ်ကူအဆင်ပြေချောမွေ့စေရန် ရည်ရွယ် ပြီးထုတ်လုပ်ထားတာပါ။.
Popcorn ဟာ အခြေခံ အုတ်မြစ်ဖြစ်တဲ့ Popcorn.js ကို အေခြေပြုတည်ဆောက်ထားတဲ့ javascript library ပဲဖြစ်ပါတွယ်။ Popcorn.js က HTML5 ရဲ့ media elements, methods တွေနဲ့ ပွဲတွေကို စီစဉ်တဲ့ API တို့ကို အသုံးပြုထားတာကြောင့် စောစောက အကီနိုတင်ပြခဲ့တဲ့ လက်တလော ဖြစ်ပျက်နေတဲ့ သတင်း,wiki,event,map,flickr image stream,twitter stream စတာတွေကို သင့်ရဲ့ ဗီဒီ ယိုဖိုင်ထဲမှာ ထည့်သွင်း တင်ပြနိုင်ပါတ ယ်။
အရိုးရှင်းဆုံး ဥပမာပေးရရင်တော့ သင် ဟာ သင့်ရဲ့ ပွဲတခုအတွင်းမှာ ရိုက်ကူးတည်းဖြတ်ထားတဲ့ ဗီဒီယို အတွင်းမှာ အဲဒီ အချိန်တပြေးညီတင်ထားတဲ့ သတင်း,wiki,event,map,flickr image stream,twitter stream တွေကို ထပ်ပေါင်းဖြည်ထည့်ပြီး ပြီးပြည့်စုံတဲ့ ဗီဒီယို တခုကို ရိုးရှင်းလွ ယ် ကူးစွာ ဖန်တီးပြုလုပ်နိုင်မှာပါ။
စိတ်ပါ၀င်စားလို့ လေ့လာချင်တဲ့ သူတွေအတွက် မှာ သွားရောက်လေ့လာ ရင်းနဲ့ အသုံးပြုနိုင်ပါ တ ယ် http://mozillapopcorn.org/