My:NeMo-HTML5

From MozillaWiki
Jump to: navigation, search

NeMo Article Base
HTML5
Back to Article Base | Home
by Chit Thiri Maung[1]

၂၀၀၉ ပြည့်နှစ်နှောင်း ပိုင်းလောက်ကစပြီးHTML5 ကိုစတင်သိရှိလာကြပါတယ်၊ဒီနေရာမှာ HTML ဆိုတာဘာလဲ ဆိုတာက စပြီး အကျယ်တ၀င်ရှင်းပြလိုပါတယ်။

HyberText Markup Language လို့ ခေါ်တဲ့ HTML ဟာ ၁၉၉၁ ပြည့်နှစ်နှောင်းပိုင်းက Tim Berners-lee စတင် မိတ်ဆက်ခဲ့တဲ့ Web Site ခေတ်စားလာတဲ့နောက်ပိုင်း Web လောက ကျယ်ပြန့်လာတာနဲ့ အညီ HTML ဟာ လည်း လူသိများလာတယ်လို့ဆိုနိုင်ပါတယ်။ နေ့စဉ်မြင်တွေ့ အသုံးပြုနေကြ သတင်းစာ၊ စာအုပ်၊ မဂ္ဂင်းဇင်း စတာတွေကို Web ပေါ်တင်လိုက်ပြီး အွန်လိုင်း စာမျက်နှာ Web Page အဖြစ်တည်ဆောက်လာကြပါတယ်။Web Pages အွန်လိုင်း စာမျက်နှာ တွေ စုစည်းလိုက်တဲ့ အခါမှာတော့ Web Site အဖြစ်ယနေ့ အကီနို တို့ မြင်တွေ့ အသုံးပြုနေတဲ့ Web Site တွေဖြစ်ပေါ်လာခဲ့ပါတယ်။ စာအုပ် ၊ စာမျက်နှာတွေ printed media တွေ ရဲ့ အမြင်ကနေ Web Site တွေကိုဆောက်တည်ရာမှာ ကွန်ပျူတာနားလည်မဲ့ Language တွေကို ရေးသားထားတဲ့ Language ရဲ့ အစဟာHyberText Markup Language ပဲဖြစ်ပါတယ်။

Web ၂.၀ လောက်က Web Site တွေဟာ အသုံးပြုသူ စာဖတ် သူတွေ ကို ဖတ်ရုံရည်ညွန်းပြီး အလှုပ်အရွ အမြူးအကြွတွေကို Flash တွေက ကြီးဆိုးထားတဲ့ ကာလတွေလို့ဆိုနိုင်ပါတယ်။အဲဒီခေတ်က စာဖတ်သူ၊ အသုံးပြုသူတွေဟာ ကြည့်ရုံဖတ်ရုံနဲ့ ကွန့်မန့်ပေးရုံပဲလုပ်နိုင်ကြပါတယ်။ ဒီလိုကန့်သတ်ချက်တွေဟာ လူတို့ရဲ့ လိုအပ်ချက်တွေရယ်၊ တိုးတက်လာတဲ့ နည်းပညာရပ်တွေနဲ့ ပေါင်းစပ်လိုက်တဲ့ Web ၃.၀ ခေတ်မှာတော့ အသုံးပြုသူတွေ ကိုတိုင်ပါ၀င်လာနိုင်တဲ့ Web ၃.၀ ကို အခုကျနော်တို့ရောက်ရှိလာကြပါပြီHTML5 ဟာ Web လောကကို ပြန်လည်ပြုပြင်ဖွဲ့စည်းထားတဲ့ တီထွင်မှုလို့လည်းဆိုနိုင်ပါတယ်။ အရင်တီထွင်ထုပ်လုပ်မှုတွေဖြစ်တဲ့ desktop အခြေပြု Web Site တွေဟာ ယနေ့ အကီနို တို့ တွင်တွင်ကျယ်ကျယ်အသုံးပြုလာတဲ့ မိုဘိုင်း ပစ္စည်းတွေနဲ့ ကိုက်ညီမှု မရှိတော့ပါဘူး။ ဒါကြောင့်မို့ “ဘယ်လို browser မျိုးမှာ မဆို အဆင်ပြေစွာ ကြည့်ရှု၊ အသုံးပြုနိုင်လို့ရစေမဲ့ နည်းလမ်းဟာ ဘာလဲလို့” မေးခွန်းတွေအတွက် အဖြေဟာ HTML5 ရဲ့ စံသတ်မှတ်ချက်တွေပါဘဲ HTML5 ဟာWHATWG(Mozilla, AOL, Apple, Google, IBM, Microsoft, Nokia, Opera စတဲ့ browser ထုတ်ကုန်များ အဖွဲ့အစည်း)နှင့်W3C အဖွဲ့ နှစ်ဖွဲ့ရဲ့ ပူးပေါင်းထားတဲ့ အောင်မြင်မှုရလဒ်ပါ။

HTML5 ဟာ open ဖြစ်တယ်၊ဒါကြောင် သင်ဟာ သူရဲ့ source code တွေကနေ သူဘယ်လို အလုပ်လုပ်သလဲဆိုတာကို လေ့လာနိုင်တယ်။

ယနေ့ အသုံးများလှတဲ့ Third Party applications တွေ ၊ Games audio ၊ video တွေကို လည်း HTML5 ဟာ ထောက်ပံ့ပေးတယ်။ <nav>, <header>, <footer>, and <figure>စတဲ့ အသစ်တွေလည်းထပ်တိုးပါရှိလာတယ်။

တကယ်လို့ သင် HTML ကို အကျွမ်းတဝင်ရှိဖူးသူဆိုရင်တော့ ရှည်လျားလှတဲ့ code အစား တိုတိုတုတ်တုတ် code တွေကိုပဲအသုံးပြုနိုင်ပြီ

   <!DOCTYPE HTML PUBLIC “-//W3C//DTD HTML 4.01//EN” “http://www.w3.org/TR/html4/strict.dtd”>
   or
   <!DOCTYPE html PUBLIC “-//W3C//DTD XHTML 1.0 Strict//EN” “http://www.w3.org/TR/xhtml1/DTD/xhtml1-strict.dtd”>
   အစား
   တိုတိုတုတ်တုတ် <!doctype html>  code တွေကိုပဲအသုံးပြုနိုင်ပြီ

HTML5 နဲ့ HTML4 ဘာတွေများ ကွဲပြားသွားလဲဆိုတာကို အသေးစိတ်သိချင်ရင်တော့ http://dev.w3.org/html5/html4-differences/

ယနေ့ အားလုံး အမေးများနေတဲ့ “HTML5 ” ကိုဘယ်ကနေ စလေ့လာရမလဲဆိုတဲ့ မေးခွန်းအတွက်တော့၊ HTML5 အကြောင်းအသေးစိတ်လေ့လာချင်တယ်ဆိုရင်Dive into HTML5 >http://diveintohtml5.org ဟာ အကောင်းဆုံးနဲ့ အလကားရတဲ့ အွန်လိုင်းစာအုပ်ပါ

HTML5 Doctor > http://html5doctor.com/ကတော့ HTML5 နဲ့ ပတ်သတ်တဲ့ နောက်ဆုံးသတင်းအချက်အလက်တွေကိုရေးထားတဲ့ ဘလော့ပါ

HTML5 rocks <http://www.html5rocks.com/en/ မှာတော့ သင်ရိုးတွေ နဲ့ စာရွက်စာတမ်းတွေ အစုံရနိုင်ပါတယ်။ Mozilla Developer https://developer.mozilla.org/en-US/docs/HTML/HTML5